ABIMEE 200 SC - အဘီမင်း ၂၀၀ အက်စ်စီ

Control of grasses, sedges and broad-leaved weeds
Advansia Agroscience Co., Ltd.

ပေါင်းများကို ထိရောက်စွာ နှိမ်နင်းနိုင်ဖို့ ABIMEE 200 SC ပင်လုံးပြန့်ပေါင်းသတ်ဆေးရှိတယ်နော်
🍀 အရွက်နှင့် အမြစ်များမှ ဆေးများကို စုပ်ယူပီး ပင်လုံးပြန့်အာနိသင်ရှိသော ရွေးချယ် ပေါင်းသတ်ဆေး ဖြစ်ပါသည်။
🍀 တိုက်ရိုက်မျိုးစေ့ချစပါးခင်း (အစိုကြဲခင်း၊ အခြောက်ကြဲခင်း) နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်သည်။
🍀 ရွေ့ပြောင်းစိုက်ပြီး (သို့) တိုက်ရိုက်စိုက်ပြီးနောက် (၁၀ – ၁၅) ရက် တွင် အသုံးပြုနိုင်ပါသည်။
🍀 စပါးပင်လောင်ကျွမ်းမှုမရှိပါ။

အသုံးပြုရန်ဆေးနှုန်းထား

🍂 ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေး (၂၀) စီစီထည့်ပြီး တစ်ဧကလျှင် (၁၀၀) စီစီနှုန်းဖြင့် (၅) ပုံး ပက်ဖျန်းပါ။

နှိမ်နင်းနိုင်သောပေါင်းများ

🌿 မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းများ

(ငသယောင်၊ တက်ကွက်၊ ကချေသည်မြက်၊ မြက်သီး၊ ဝမ်းဘဲစာမြက်၊ မြက်မုန်ညင်း စိမ်း/ဝါ၊ မြက်ကွမ်းသီးလေး၊ တလိုင်းခေါင်း၊ မှိုနတို၊ လယ်လေးညှင်း၊ ကတောက်ဆက်၊ လယ်ပဒူ)