💥 ရွက်လိပ်ပိုး၊ ဆစ်ပိုး နဲ့ သီးလုံးဖောက်ပိုးအတွက်ဆိုရင် အဒိုကာ ၁၅၀ အက်စ်စီ ADOCA 150 SC ရှိတယ်နော် 💥
🐛 ဤပိုးသတ်ဆေးသည် ဆေးအဆိပ် Indoxacarb 15% SC ပါဝင်ပြီး ထိသေ၊ စားသေ အာနိသင်ရှိကာ အရွက်နှင့် အပင်အတွင်းထဲကို လျင်မြန်စွာ ထိုးဖောက်စိမ့်ဝင်နိုင်စွမ်းရှိသော ပိုးသတ်ဆေးဖြစ်ပါသည်။
🐛 ဤပိုးသတ်ဆေးသည် သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ဆစ်ပိုး၊ ငမြှောင်တောင်၊ ထွှာကောင်စိမ်း၊ ရွက်စားကျိုင်း၊ သီးထိုးယင်အစရှိသည့် ပိုးကောင်များကို နှိမ်နင်းနိုင်သောပိုးသတ်ဆေးဖြစ်ပါသည်။
🐛 ဤပိုးသတ်ဆေးကို ပဲမျိုးစုံ၊ စပါး၊ ဝါ၊ ပြောင်း၊ ဂေါ်ဖီထုပ်၊ အာလူး၊ ငရုပ်၊ ဖရဲ၊ သခွါးအစရှိသည့် သီးနှံများတွင် အသုံးပြုနိုင်ပါသည်။
📌 ဤပိုးသတ်ဆေးကို ရေ(၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည်(၁၅-၂၀) စီစီထည့်ပြီး တစ်ဧကလျှင် (၇၅-၁၀၀) စီစီနှုန်းဖြင့် (၅) ပုံးအသုံးပြုနိုင်ပါ သည်။