AKOSU 100SC - အကိုဆူ ၁၀၀ အက်စ်စီ

Thrips & Mites Killer!

စုပ်စား၊ ကိုက်ဖြတ် ပိုးမျိုးစုံ အကုန်ကြောက်တဲ့  “အကိုဆူ”

✅AKOSU 100 SC

✅ အက်တီနိုမိုက်စိ( Actinomycete) ဘတ်တီးရီးယားတစ်မျိုးမှ ထုတ်ယူထားသော Pyrroles အုပ်စုဝင်ဒြပ်ပေါင်းဖြစ်သည်။
✅ လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုအန္တရာယ်အလွန်နည်းပါးသည်။
✅ ကိုက်ဖြတ်စားပိုးများသာမက မွှားပင့်ကူအပါအဝင် စုပ်စားပိုးများကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ဆေးတာရှည်ခံထိရောက်မှုရှိသည်။
✅ ထိသေ၊ စားသေအပြင် ထိုးဖောက်စိမ့်ဝင်နိုင်သောအာနိသင်ရှိသည်။
✅ ထိုးဖောက်စိမ့်ဝင်နိုင်သော အာနိသင်ရှိသောကြောင့် ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုးနှင့် ရွက်ထွက်ပိုးများအား ထိရောက်စွာနှိမ်နင်းနိုင်သည်။

🐛 ကာကွယ်နှိမ်နှင်းနိုင်သောပိုးများ – သရစ်လှေးပိုး၊ မွှားပင့်ကူနီ၊ ငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ ပျ၊ ဆစ်ပိုး၊ ယင်ဖြူ၊ ဖြုတ်တို့ကို အချိန်မီ ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

📌 အသုံးပြုနိုင်သောသီးနှံများ– ဂန္ဓမာပန်းအပါအ၀င် ပန်းမျိုးစုံ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညှင်းဖြူ၊ငရုတ်၊ အာလူး၊ ခရမ်းသီး၊ ခရမ်းချဥ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပြောင်း၊ ပဲမျိုးစုံ၊ စပါး။

🌱 ပိုးများ စတင်မ​တွေ့ရှိခင် အပူချိန်ပြင်း​သော ကာလများတွင် ကြိုတင်ကာကွယ်သင့်ပါသည်။

⭐️ထူးခြားချက်မှာ ဆေးဖျန်းပြီး နာရီအနည်းငယ်အတွင်း ပိုးများဖျက်ဆီးစားသောက်မှုကို ရပ်တန့်စေနိုင်ပြီး (၂၄-၄၈) နာရီအတွင်း သေစေသည်။

📌 အသုံးပြုရန်ဆေးနှုန်းထား – ရေ(၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည်(၂၀) စီစီထည့်ပြီး တစ်ဧကလျှင် (၁၀၀) စီစီနှုန်းဖြင့် (၅) ပုံးအသုံးပြုနိုင်ပါသည်။

❗သတိပြုရန်မှာ စပါးမှလွှဲ၍ အခြားသီးနှံများတွင် ပျိုးပင်ပေါက်တွင် မသုံးသင့်ပါ။ သီးနှံပင် အရွက် (၃-၅)ရွက်ထွက်ချိန်တွင် ပိုးစတင်ကျရောက်ပါက အသုံးပြုနိုင်ပါသည်။