ABENZ 22 EC - အဘင့်ဇ်၂၂ အီးစီ

Strongest & Powerful to Crush Caterpillar Worm!

ABENZ 22 EC – Emamectin Benzoate 2.2 % w/v
🍁 ကိုက်စားပိုးနှင့် သီးလုံးဖောက်ပိုးများကို နှိမ်နင်းနိုင်သော ABENZ 22 EC အဘင့်ဇ် ၂၂ အီးစီ ပိုးသတ်ဆေး🍁

🌿 ဤပိုးသတ်ဆေးသည် Emamectin Benzoate 2.2 % EC (ဆေးအဆိပ်) ပါဝင်ပြီး ထိသေ၊ စားသေ အာနိသင် ရှိသော ပိုးသတ်ဆေး ဖြစ်ပါသည်။

🌿 ဤပိုးသတ်ဆေးသည် အရွက်တွင်းသို့ ထိုးဖောက်ဝင်ရောက် ပျံ့နှံ့ကာ လိပ်ပြာဖလံလောက်ကောင်များ၏ အရေပြား အတွင်း စိမ့်ဝင်နိုင်စေပြီး ဖျက်ပိုး၏ အစာစားနှုန်းကိုလည်း လျော့ချပေးခြင်းကြောင့် ဖျက်ပိုးများ အစာမစားနိုင်တော့ဘဲ အားနည်းပီး သေဆုံးနိုင်ပါသည်။

⭐️ နှိမ်နင်းနိုင်သော ပိုးအုပ်စု
ခေါင်ညွှန့်ထိုးပိုး၊ ငမြှောင်တောင်၊ သီးလုံးဖောက်၊ ယင်ဖြူ၊ စိန်ကွက်ဖလံ၊ ရွက်ထွင်း၊ ပွင့်ထွေးပိုး၊ မွှားပင့်ကူနီ၊ ခူမွှေးရှည်၊ ရွက်လိပ်ရွက်ကပ်၊ လှေးပိုး၊ ထွှာကောင်စိမ်း။

🍎 အသုံးပြုနိုင်သော သီးနှံ
ပဲမျိုးစုံ၊ ခရမ်းချဥ်၊ ငရုပ်၊ ဘူး၊ ဖရုံ၊ သခွါး၊ စပျစ်၊ ရှောက် အစရှိသော သီးနှံများတွင် အသုံးပြုနိုင်ပါသည်။

📌 အသုံးပြုနိုင်သောနှုန်းထား
ရေ(၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည်(၁၅-၂၀) စီစီထည့်ပြီး တစ်ဧကလျှင် (၇၅-၁၀၀) စီစီနှုန်းဖြင့် (၅) ပုံးအသုံးပြုနိုင်ပါသည်။