AMOTOP 325 SC - အမိုတော့ပ် ၃၂၅ အက်စီ

Trust & Confidence to Use!

🍄 သီးနှံစုံ မှိုရောဂါကင်းအောင် “အမိုတော့ပ်” ကိုဆောင်

 

⏭️ ကာကွယ်၊ ကုသ၊ အမြစ်ပြတ်သုတ်သင်ဆေး

⏭️ သီးနှံတစ်ရာသီလုံးဆောင်ထားသင့်သောမှိုသတ်ဆေးကိုပြပါဆိုရင် “အမိုတော့ပ်”ကို ညွှန်ပြရမှာ ဖြစ်ပါသည်။

⏭️ အပင်၏ အမြစ်၊ ပင်စည်၊ အကိုင်းခက်၊ အရွက် မည်သည့်အစိတ်အပိုင်းတွင်မဆို မှိုရောဂါဖြစ်လာလျှင် ပင်လုံးပြန့်အာနိသင်ရှိသော”အမိုတော့ပ်”ကို ရွေးချယ်သင့်ပါသည်။

🔼 AMOTOP 325 SC 🔼

📍 ဆေးအုပ်စုနှစ်မျိုး (Strobilurin + Triazoles) ကိုပေါင်း စပ်ထုတ်လုပ်ထားပြီး ပင်လုံးပြန့်နှင့် ထိုးဖောက်စိမ့်ဝင်နိုင်သော အာနိသင်ရှိသည်။

📍 ဆေးရည်သည် အပင်၏အရွက်အပြင် ပင်စည်၊အမြစ်မှလည်းစုပ်ယူပြီး တစ်ပင်လုံးသို့ အာနိသင်ပျံ့နှံ့ပြီး ဆေးတာရှည်ခံသည်။

📍 ရောဂါဖြစ်စေသောမှိုစပိုးများ၏ ဆဲလ်နံရံတည်ဆောက်မှုကို ဟန့်တား၍ မှိုမျှင် ကြီးထွားမှုကို ထိရောက်စွာ ရပ်တန့်နိုင်စွမ်းရှိသည်။

🍄 ကာကွယ်နှိမ်နင်းနိုင်သော ရောဂါများ 🍄

☑️ ပဲစာကိုစပိုးရားရွက်ပြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ ရွက်ဖုံးခြောက်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ စောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ၊ မဲ့ပျောက်စွန်းရောဂါ၊ သံချေးရောဂါ၊ ၊ ဒေါင်းနှီးရွက်ခြောက်၊ ဥပုပ်ရောဂါ၊ ကြက်သွန်တောက်တဲ့မြီးရောဂါ၊ဂန္ဓမာသံချေးဖြူရောဂါ။

🌱 အသုံးပြုနိုင်သော သီးနှံများ 🌱

☑️ မတ်ပဲ၊ ပဲတီစိမ်း၊ ဟင်းသီးဟင်းရွက်- ငရုတ်၊ ခရမ်းချဥ်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်၊ အာလူး၊ ပြောင်း၊ စပါး၊ အလှစိုက်ပန်းမျိုးစုံ၊ ဖရဲ၊သခွား အပြင် သီးနှံမျိုးစုံတွင် အသုံးပြုနိုင်ပါသည်။

⏭️ ဆေးဖျန်းသင့်သည့်အချိန်- ရောဂါစတွေ့ချိန်တွင် ပက်ဖျန်းနိုင်ပြီး သီးနှံတစ်ရာသီတွင် (၂-၃)ကြိမ်အထိ အသုံးပြုနိုင်ပါသည်။

☑️ အသုံးပြုရန်ဆေးနှုန်းထား – ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည် (၂၀) စီစီထည့်ပြီး တစ်ဧကလျှင် (၁၀၀) စီစီနှုန်းဖြင့် (၅) ပုံး ပက်ဖျန်းပါ။

ဆေး၏ အားသာချက်မျာ း⚡

☑️ ဆေးစက်သည် အရွက်မျက်နှာ ပြင်ထိရုံဖြင့် အောက်မျက်နှာပြင်ရှိ မှိုရောဂါများကိုလည်း ကာကွယ် နှိမ်နင်းပေးနိုင်ပါသည်။

☑️ အပင်များသည် ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိပြီး အစာချက်လုပ်မှုကို ကူညီထောက်ပံ့ပေးသောကြောင့် အရွက်များ ပိုမိုကျန်းမာသန်စွမ်း၍ စိမ်းစိုစေပါသည်။

☑️ သီးနှံများ၏ အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်စေပါသည်။