MOLTOVIN - မိုတိုဗင်

The Best Control of Bacteria and Phytophthora

💥 ဘက်တီးရီးယား နှင့် ဖိုက်တိုသရာရောဂါများအတွက် အကောင်းဆုံးတားဆီးနိုင်သော မိုတိုဗင် Moltovin မှိုသတ်ဆေး💥

🌿 ဤမှိုသတ်ဆေးသည် ထိသေနှင့် ထိုးဖောက်စိမ့်ဝင်အာနိသင်ရှိပီး မှိုရောဂါအမျိုးမျိုး၏ မှိုစပိုးမျိုးစေ့ပေါက်ပွါးမှုကို တားဆီးပြီး ကာကွယ်၊ ကုသနိုင်သောအာနိသင် ရှိပါသည်။

🌿 ဘတ်တီးရီယားရွက်ပြောက်၊ ဘတ်တီးရီးယားရွက်ခြောက်၊ ဖိုက်တိုဖတိုရာ မြစ်ပုပ်ရောဂါ၊ ဘတ်တီးရီးယားဂျိုင်းပုပ်၊ ဘတ်တီးရီးယားအပျော့ပုပ်၊ နှောင်းပင်နာကျရောဂါ၊ ဖားဥမှိုရောဂါ နှင့် ဒေါင်းနီးရွက်ခြောက်ရောဂါတို့ကိုနှိမ်နင်းနိုင်သော မှိုသတ်ဆေးဖြစ်ပါသည်။

🌿 ဤမှိုသတ်ဆေးကို စပါး၊ ကွမ်း၊ ခရမ်းချဥ် ၊ပဲမျိုးစုံ၊ ငရုပ်၊ ကြက်သွန်၊ ဆလပ်၊ မုန်ညှင်း၊ သခွါး၊ ရှောက်၊သံပုရာ၊ သရက်၊ သစ်တော်သီး၊ စပျစ် အစရှိသည့်သီးနှံများတွင် အသုံးပြုနိုင်ပါသည်။

📌ဤမှိုသတ်ဆေးကို ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည်(၁၀-၂၀) ဂရမ်ထည့်ပြီး တစ်ဧကလျှင် (၅၀-၁၀၀) ဂရမ်နှုန်းဖြင့် (၅) ပုံးအသုံးပြုနိုင်ပါ သည်။