AHALO 108 EC - အဟေလို ၁၀၈ အီးစီ

Effective control of annual and perennial grasses weed

AHALO 108 EC (Haloxyfop-R-methyl 108 g/l EC)

ပေါင်းပင်ကြီးထွားခြင်းကို ဟန့်တားစေနိုင်သော အစွမ်းရှိ ပင်လုံးပြန့်ရွေးချယ်ပေါင်းသတ်ဆေး AHALO 108 EC အဟေလို ၁၀၈ အီးစီ

🍃 ပင်လုံးပြန့်အာနိသင်ရှိ ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။ အရွက် ၊ ပင်စည် ၊အမြစ် များမှ ပေါင်းသတ် ဆေးကိုစုပ်ယူပီး အပင်တပင်လုံးကို ပျံ့နှံစေနိုင်ပြီး ပေါင်းပင်ကြီးထွားစေခြင်းကို ဟန့်တားစေနိုင်သော အစွမ်း အာနိသင်ရှိပါသည်။

⏰ အသုံးပြုရမည့်အချိန်
သီးနှံပင်ပေါက်ပြီး (၁၀ – ၁၅) ရက်သား ၊ပေါင်းပင် အရွက်(၃-၅)ရွက်ထွက်ချိန်တွင် ဖျန်းပါ။

🌡 အသုံးပြုရမည့်နှုန်းထား
ရေ(၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည်(၄၀ – ၅၀) စီစီ ထည့်ပြီး တစ်ဧကလျှင် (၂၀၀ – ၂၅၀) စီစီနှုန်းဖြင့် (၅) ပုံးအသုံးပြုနိုင်ပါသည်။

🌱 နှိမ်နင်းနိုင်သောပေါင်းများ
တစ်နှစ်ခံမြက်များ။

🌱 အသုံးပြုနိုင်သော သီးနှံများ
ပဲမျိုးစုံ၊ မြေပဲ၊ ပဲပုတ်၊ နေကြာ၊ စပျစ်၊ ဝါ၊ ကြက်သွန်နီ

International Quality, Local Price