ARIMO 250 EC - အရီမို ၂၅၀ အီးစီ

Control Disease & Plant More Green!

“မိုးရွာပြီးတိုင်း မှိုရောဂါကြောင့် စိတ်ပူနေရတဲ့ တောင်သူဦးကြီးများအတွက် သတင်းကောင်း” 🌟🌿
 
မိုးရွာပြီးနောက်ပိုင်း သီးနှံတော်တော်များများမှာ ဖြစ်တတ်တဲ့ ဖားဥမှိုရောဂါနဲ့ ဒေါင်းနီးရွက်ခြောက်ရောဂါတွေကို အရီမို ၂၅၀အီးစီ (Arimo 250 EC) နဲ့ အမြစ်ပြတ် ကာကွယ်လိုက်စို့။
 
✨ ဘာကြောင့် “အရီမို” ကို ရွေးချယ်သင့်တာလဲ❓
ဆေးအဆိပ် Difenoconazole 25% EC ပါဝင်ပီး အပင်၏ အရွက်မှ သာမက အမြစ် မှ လည်း စုပ်ယူပြီး တစ်ပင်လုံးသို့ အာနိ သင်ပြန့်နှံ့နိုင်ပြီး ကြိုတင်ကာကွယ်ကုသနိုင်သောအစွမ်းရှိ မှိုသတ်ဆေး ဖြစ်ပါသည်။

🛡️ နှိမ်နင်းပေးနိုင်တဲ့ မှိုရောဂါများ
ကြက်သွန်တောက်တဲ့မြီးရောဂါ၊ ဒေါင်းနှီးရွက်ခြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊
စာကိုစပိုးရား ရွက်ပျောက်၊ သံ‌ချေးရောဂါရောဂါ တို့ကိုထိရောက်စွာ ကာကွယ်နှိမ်နင်းပေးနိုင်ပါတယ်။
🌱 ဘယ်သီးနှံတွေမှာ သုံးနိုင်လဲ
မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ငရုတ်၊ ခရမ်းချဥ်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်၊ အာလူး၊ ပြောင်း၊ စပါး၊ ဖရဲ၊ သခွား၊ စပျစ် အပြင် အလှစိုက်ပန်းမျိုးစုံမှာပါ အပင်မရွေး၊ သီးနှံမရွေး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
 
📌 ဆေးအသုံးပြုပုံ အချိုးအစား
ရေ(၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ဆေးရည်(၁၅-၂၀) စီစီ ထည့်ပြီး တစ်ဧကလျှင် (၇၅-၁၀၀) စီစီ နှုန်းဖြင့် (၅) ပုံးအသုံးပြုနိုင်ပါသည်။
💪 စိုက်ခင်းအန္တရာယ် မှိုဟူသမျှ ကာကွယ်ဖို့ “အရီမို” ကို အဆင်သင့် ဆောင်ထားကြပါစို့ဗျာ။

International Quality, Local Price