ABISAK 50 SP- အဘီဆက် ၅၀ အက်စ်ပီ

Specific against sucking insect pests

🐛 အဘီဆက် ၅၀ အက်စ်ပီ (ABISAK 50 SP)

🌿 ထွင်းဖောက်စိမ့်ဝင်မှု အမြင့်ဆုံး အစွမ်းထက် ပိုးသတ်ဆေး!🍃

🍅 ခရမ်းချဉ်စိုက်ခင်း၊ ဂန္ဓာမာပန်းခင်းနဲ့ အခြားသီးနှံစိုက်ခင်းတွေမှာ ရွက်ထွင်းပိုးတွေကြောင့် စိတ်ညစ်နေရတဲ့ ဦးကြီးတို့အတွက်… 💪 ရွက်ထွင်းပိုးတွေကို ထိရောက်စွာ နှိမ်နင်းနိုင်ဖို့ အဘီဆက် ၅၀ အက်စ်ပီ ရှိနေပါပြီနော်….


✨
အဘီဆက် ၅၀ အက်စ်ပီ မှာ
🔬 Active Ingredient – Thiocyclam Hydrogen Oxalate ပါဝင်လို့ ပိုးမွှားတွေရဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့နည်းလမ်းနဲ့ အာနိသင်သက်ရောက်စေပြီး ဆေးထိတွေ့ခြင်း၊ ဆေးထိထားတဲ့ အပင်အစိတ်အပိုင်းကို စားသုံးခြင်းတို့မှတစ်ဆင့် ပိုးမွှားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။ ပိုးတွေရဲ့ အစာစားသုံးမှုကိုလည်း လျော့နည်းစေပြီး နောက်ဆုံးမှာ သေဆုံးစေနိုင်ပါတယ်။
🎯 နှိမ်နင်းနိုင်သော ပိုးမွှားမျာ:

ရွက်ထွင်းပိုး၊ စိန်ကွက်ဖလံ၊ ခေါင်ညွှန့်ထိုးပိုး ၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ သီးတောင့်ထိုးပိုး၊ ပင်စည်ထိုးပိုး၊ ယင်ဖြူ၊ ဖြုတ်၊ ပျ၊ လှေးပိုး၊ စသည်တို့တွင် အသုံးပြုနိုင်ပါတယ်။

🍅 အသုံးပြုနိုင်သောသီးနှံများ

မတ်ပဲ၊ ပဲတီစိမ်း၊ ငရုတ်၊ ခရမ်းချဉ်၊ ဂန္ဓာမာပန်း၊ စပါး၊ ခရမ်းသီး၊ ဂေါ်ဖီထုတ် စသောသီးနှံများတွင်ကျရောက်သော ဖျက်ပိုးများအတွက် အသုံးပြုနိုင်ပါတယ်။


💦
သုံးစွဲရန် နှုန်းထား
ရေ၂၀လီတာဆေးဖျန်းပုံး(၁)ပုံးကို ၂၀-၃၀ ဂရမ် နှုန်းထားဖြင့် တစ်ဧက ကို ၁၀၀-၁၅၀ ဂရမ် ( ၅ ) ပုံးနှုန်း အသုံးပြုနိုင်ပါတယ်ရှင့်။

International Quality, Local Price