Advansia Agroscience မှ ဟင်္သာတမြို့နယ်ရှိ တောင်သူများအား ငရုတ်သီးနှံအတွက် စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများ မျှဝေခြင်း
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် Advansia Agroscience Co., Ltd. မှ ဧရာဝတီတိုင်းဒေသကြီး အရောင်းမန်နေဂျာသည် ဟင်္သာတမြို့နယ်ရှိ ပေါ်သစ်ကျေးရွာ နှင့် ခြင်ဘို့ကျေးရွာတို့တွင် ငရုတ်သီးနှံ အကြောင်း စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ငရုတ်စိုက်တောင်သူအများအပြား တက်ရောက်ခဲ့ကြပြီး ငရုတ်သီးနှံစိုက်ပျိုးရာ၌ ကြုံတွေ့ရနိုင်သည့် ပိုးမွှားနှင့် ရောဂါပြဿနာများ၊ ၎င်းတို့ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည့် နည်းလမ်းများအပြင် ငရုတ်သီးနှံအတွက် အသုံးပြုနိုင်သော Advansia ၏ နိုင်ငံတကာအရည်အသွေးမှီ စိုက်ပျိုးရေးသုံးဆေးများကိုလည်း တောင်သူများအား မိတ်ဆက်ပေးခဲ့ပါသည်။
အထူးသဖြင့် ငရုတ်သီးနှံသည် စုပ်စားပိုးများ၏ ကျရောက်မှုကို မကြာခဏ ကြုံတွေ့ရသော သီးနှံဖြစ်သည့်အတွက် အပင်ငယ်စဉ်ကတည်းက စုပ်စားပိုးများကို စောစီးစွာ စောင့်ကြည့်စစ်ဆေးပြီး သင့်လျော်သောနည်းလမ်းများဖြင့် ကြိုတင်ကာကွယ်နှိမ်နင်းရန် လိုအပ်ကြောင်းကို အလေးထား ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ငရုတ်သီးနှံတွင် ကျရောက်နိုင်သည့် မှိုရောဂါများနှင့် ရောဂါအခြေအနေ အလိုက်သင့်တော်သော ကာကွယ်ကုသမှုများ ဆောင်ရွက်နိုင်ရန် နည်းပညာဆိုင်ရာ အကြံပြုချက်များ ကိုလည်း မျှဝေပေးခဲ့ပါသည်။
ဆွေးနွေးပွဲအတွင်း တောင်သူများနှင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသော တောင်သူများမှလည်း ၎င်းတို့၏ စိုက်ပျိုးရေးအတွေ့အကြုံများ၊ ကြုံတွေ့နေရသော အခက်အခဲ များနှင့် သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ လိုအပ်သည့် နည်းပညာအကြံပေးမှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။
Advansia Agroscience Co., Ltd.
နိုင်ငံတကာ အရည်အသွေးနှင့် ကိုက်ညီ၍ စျေးနှုန်းသင့်တော်သော
ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး နှင့် ရွက်ဖျန်းမြေဩဇာများကိုသာ တင်သွင်းဖြန့်ဖြူးပါသည်။
“သင့်တော်သောဈေးနှုန်း နိုင်ငံတကာအရည်အသွေးမှီဆေး” ဟူသော ကုမ္ပဏီ၏ ဆောင်ပုဒ်နှင့်အညီ တောင်သူများအတွက် ဈေးနှုန်းသင့်တင့်မှုနှင့် အရည်အသွေးကို အလေးထားကာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ထုတ်ကုန်များကို ရွေးချယ်တင်သွင်း ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည်။
ထို့အပြင် ထုတ်ကုန်များကို မိတ်ဆက်ပေးရုံသာမက တောင်သူများ၏ လက်တွေ့စိုက်ပျိုးရေး လုပ်ငန်းခွင်တွင် ကြုံတွေ့နေရသော အခက်အခဲများကို နားလည်ကူညီဖြေရှင်းပေးနိုင်ရန် နည်းပညာဆိုင်ရာ အသိပညာများ မျှဝေခြင်းနှင့် အကြံပေးဆွေးနွေးခြင်းများကိုလည်း အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။
